Zurich Marketing

Zurich Mobile Legends Myanmar Cup 2018

Regeln
1) ပါဝင်ယှဉ်ပြိုင်မည့် SQUAD များသည် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးနှင့် အရံ ၁ ဦး ထားရှိနိုင်သည်။

2) ပါဝင်ယှဉ်ပြိုင်သူ အားလုံးသည် အသက် ၁၈ နှစ် အထက်ရှိရမည်ဖြစ်ပြီး Ranking Epic နှင့် Epic အထက်ရှိရပါမည်။

3)ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော Squad များသည် ယှဉ်ပြိုင်မှုမစတင်မှီ မိနစ် (၃၀) အလို ပြိုင်ပွဲကျင်းပရာနေရာသို့ Mobile Legends Game ကစားနိုင်သော အင်တာနက်ပါဝင်သည့် မိမိတို့ ကိုယ်ပိုင်ဖုန်းများ တစ်ပါတည်းယူဆောင်လာရပါမည်။

4) စာရင်းပေးသွင်းထားသော Squad များရှိ Team Member များအတိုင်းသာ ပြိုင်ပွဲသို့လာရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Member များပြောင်းလဲယှဉ်ပြိုင်ခြင်းကိုခွင့်ပြုမည်မဟုတ်ပါ။

5) ပြိုင်ပွဲအတွက် အခမဲ့ အွန်လိုင်း စာရင်းပေးသွင်းခြင်းကို ဧပြီလ ၂၂ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် Squad များကို ဧပြီလနောက်ဆုံးပတ်တွင် Zurich Mobile Legends Myanmar Cup ၏ FB page မှ ကြေညာပေးသွားပါမည်။

6) မြို့ကြီး ၁၀ မြို့ရှိ ပြိုင်ပွဲ ကျင်းပမည့်နေရာ နှင့် အချိန် အတိအကျကိုဧပြီလကုန်တွင် Zurich Mobile Legends Myanmar Cup ၏ FB page မှကြေညာပေးသွားပါမည်။

မှတ်ချက်။ ။
**** ပြိုင်ပွဲနှင့်ပတ်သတ်၍ အငြင်းပွါးမှု တစ်စုံတစ်ရာဖြစ်ပွါးပါက ZURICH ၏ ဆုံးဖြတ်ချက်သာ လျှင်အတည်ဖြစ်သည်။****